Internet ဖွင့်လိုက်တာနဲ့ ဘာမှမသုံးလိုက်ရဘဲ ဘေက ၂၀၀ လောက်ကုန်သွားတယ်။
Internet ဖွင့်လိုက်တာနဲ့
"Ooredoo က ဘေစားတယ်။
Mpt က ဘေတွ တအားဖြတ်တယ်။
Telenor ဘေကျိတ်တယ် ။"
စသည်ဖြင့် ပြောဆိုနေတတ်ကြပါတယ်။
( ဖုန်းခေါ်တုန်း အဖြတ်ကြမ်းတာ ပြောတာဟုတ်ဘူးနော် 😊☺)
တစ်ခါတရံ operators တွေနဲ့ မဆိုင်ပဲ မိမိဖုန်းထဲမှ မလိုအပ်ဘဲ အလုပ်လုပ်နေတတ်တဲ့ apk တွေကြောင့်လည်း အဲ့လိုပြဿ နာတွေ ဖြစ်နေတတ်ပါတယ်။
တချို့ apk တွေက သူတို့ကိုသုံးဖို့ Internet မလိုသော်လည်း Internet ဖွင့်ထားရင်း သူတို့ကို သုံးမိတာနဲ့ ကြော်ငြာတွေ ဝင်တတ်ပါတယ် ။
(ဘာလို့လဲတော့ မသိပါ ။ သိတဲ့သူများလည်း မျှဝေပေးကြပါအုံးဗျ )
အဲ့တော့ ဘေတွေအလကား ကုန်ရပါတယ်။
( MX Player ကို နမူနာ ပြထားပါတယ်။)
ဒါတွေကို ဖြေရှင်းဖို့ ဖုန်း setting ထဲကနေ သွားပြီး ဒီလိုလေး လုပ်ကြည့်ပါ ။
❶ Setting
❷ Data traffic management
❸ Neworked apps ရောက်ရင် Internet သုံးစရာမလိုတဲ့ apps တွေကို အမှန်ခြစ် ဖြုတ်လိုက်ပါ။
အမှန်ခြစ်ဖြုတ်ထားတဲ့ app ကို အင်တာနက်ဖွင့်ရင်း သုံးမိရင်တောင် ကြော်ငြာတွေ မဝင်တော့ပါဘူး။
အဲ့ဒီတော့ အရင်ကထက် ဘေကုန်လည်း သက်သာပြီပေါ့ ။
အင်တာနက်လိုတဲ့ app (ဥပမာ - viber လို app )ကို အမှန်ခြစ် ဖြုတ်ထားမိရင်လည်း appထဲ ဝင်ရင်တောင် စာ ၊ အကြောင်းအရာ အသစ်တွေ ထပ်ဝင်တော့မှာ မဟုတ်ပါဘူး။
App ကို ဖွင့်လိုက်လို့ Internet သုံးခွင့်တောင်းရင် allow နှိပ်ပေးခြင်းဖြင့် ပြန်လည် အသုံးပြုနိုင်ပါတယ် ။
ကျွန်တော်သိသလောက် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။
အကျိုးမဲ့ ဖုန်းဘေကုန်ခြင်းမှ ကင်းဝေးကြပါစေ။
အဆင်ပြေကြပါစေ။
No comments:
Post a Comment