ဖုန်းဘေတွေ ကုန်လွန်းလို့ စိတ်ညစ်နေသလား ။
အင်တာနက်ဖွင့်ပြီး မိမိရဲ့ဖုန်းကို Walkie Talkie တစ်လုံးလို အသုံးပြု ပြီး ဖုန်းပြောလိုက်ပါ ။
အကောင့်ဖွင့်ဖို့ email တစ်ခုပဲ လိုပါတယ် ။
တစ်နာရီလောက်ပြောမှ အင်တာနက်ဖိုး အလွန်ဆုံး ၁၀၀ လောက်ပဲ ကျသင့်ပါတယ် ။
အသံက ကြည်လင်တယ်။ ပြတ်သားတယ် ။
တစ်ယောက်ပြောသမျှ အားလုံးကြားရအောင် Gp chat ပုံစံမျိုး ပြောလို့ရလို့ online မှာပဲ အစည်းအဝေးလုပ်ပြီး စကားပြောလို့ရပါတယ် ။
ပြောထားတဲ့အချိန် မကြားလိုက်ရင်လည်း ကိုယ်သိတဲ့အချိန်မှ ပြန်နားထောင်လို့ရသေးတယ် ။။
ပုံတွေ ၊ စာတွေလည်း ပို့လို့ရသေးတယ် ။
အင်တာနက်ဖွင့်ပြီး သုံးရတဲ့ တခြား apk တွေလို အသုံးပြုနေရင်း ကြော်ငြာတွေ မဝင်လို့ ဘေလည်း အပိုမကုန်ပါဘူး ။
ဒါကြောင့် အမြဲ live ဖွင့်ထားလည်း ဘေပိုကုန်မှာ မစိုးရိမ်ရတော့ပါဘူး ။
သူရဲ့အားနည်းချက်ကတော့ ကိုယ်ကပြောချင်ရင် ခလုတ်ဖိပြီး ပြောရတယ် ။
ကိုယ်ပြောနေတဲ့အချိန် သူများပြောတာတွေ မကြားရဘူး ။
ဒါပေမယ့် ကိုယ်ပြောပြီးရင်တော့ သူများပြောတာတွေလည်း တန်းဝင်လာပါတယ် ။
Apk ကို ဒီနေရာ မှာdownload ရယူနိုင်ပါတယ် ။
အဆင်ပြေကြပါစေ ။
No comments:
Post a Comment